NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကျော်မိုးထွန်းအပါအဝင် (၁၇) ဦးအား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကျော်မိုးထွန်းအပါအဝင် (၁၇) ဦးအား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာ

 



MNP ၊ ဧပြီ ၁

တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီးချိန်မှစ၍ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်နေသည့် NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကျော်မိုးထွန်းအပါအဝင် (၁၇)ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထပ်မံထုတ်ပြန်လိုက်သည်။

NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ပြည်ပမှ ဝါဒဖြန့်လှုံ့ဆော်နေသည့် အကြမ်းဖက်လှုံ့ဆော်သူ မောင်မောင်လတ်၊ ကျော်မိုးထွန်း၊ အောင်ကျော်နိုင်၊ မြမြကြည်၊ ကျော်စွာမင်း၊ သက်ထားမြရည်စံ၊ စုစုအောင်၊ ကျော်စွာထွန်း၊ ကြူကြူမြင့်၊ မြတ်သွယ်အောင်၊ ယမင်းယု၊ ရဲခေါင်၊ ဟန်ထူးလွင်(ခ)ကျားပေါက်၊ မေဦး(ခ) ဟိန်းမင်းဦး၊ ညီညီ (သရဝဏ်-ပြည်)၊ ဟန်လင်း(ခ)ဖြိုးဟန်ကျော်၊ ဒေါင်း(ခ) သူရအောင် တို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိသော အကြမ်းဖက်လှုံ့ဆော်သူများကိုလည်း နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများသည် ပြည်ပမှ ငွေကြေးအထောက်အပံ့များ ရယူပြီး တိုင်းပြည်တည်ငြိမအေးချမ်းမှု ပျက်ပြားစေရန်၊ တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် ကာလရှည်ကြာ ဝါဒဖြန့်လှုံ့ဆော်နေကြသူများဖြစ်ပြီး ၎င်းတို့၏ ဝါဒဖြန့်လှုံ့ဆော်မှုများကြောင့် ပြည်တွင်းရှိ NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ ကလေးငယ်များကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ လူဦးရေ ၂၃၀၀ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)