MNP ၊ ဧပြီ ၂၃
စစ်ကိုင်းမြိုနယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးစစ်ကြောင်းကို မူးသာရွာအနီးတွင် NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့က ယနေ့ ဧပြီလ၂၃ ရက်နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သမားအလောင်းများ လက်နက်များသိမ်းမိကြောင်း သိရသည်။
လုံခြုံရေးစစ်ကြောင်းသည် မူးသာရွာအနောက်မြောက်ဖက်အရောက်တွင် အသင့်စောင့်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၇ နာရီအချိန်တွင် အကြမ်းဖက်သမားများသည် မူးသာရွာ၏ တောင်ဘက်တောအတွင်း ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်မှုမရှိဘဲ NLD အစွန်းရောက် အကြမ်းဖက်သမား အလောင်း (ကျား) လေးလောင်း၊ လက်လုပ်သေနတ်အရှည်လေးလက်၊ လက်လုပ်ပစ္စတိုနှစ်လက်၊ လက်လုပ်စိန်ပြောင်းတစ်လက်၊ ၁၂ ဗို့ကျည် ၅၁ တောင့်၊ မီတာ ၅၀ ဝါယာကြိုးတစ်ခွေတို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment