MNP - ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပိဿာကျေးရွာ၊ ရွာမ ဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံ၌ NPL ကျဆင်းရေး၊ချေးငွေသစ်ထုတ်ချေးရေး၊ ကွင်းဆင်းနှိုးဆော်ခြင်း၊ အမဲ့ဆေးဝါးကုသပေးခြင်း နှင့်စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက် ရာတွင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအောင်ကိုဦးက NPLကျဆင်းရေးနှင့် ချေးငွေသစ်ထုတ်ချေးရာ၌ စိုက်ပျိုးမွေးမြူရေးလုပ် ငန်းလုပ်ကိုင်နေကြသော ဒေသခံပြည်သူများ နှစ်စဉ်ရာသီအလိုက်ထုတ်ချေးငွေများနှင့် ချေးငွေ အဟောင်းများကိုသ တ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရေးနှင့် ကြွေးပြေကျေပါက ချေးငွေသစ်များကို ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်စား သုံးသူရေး ရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်ကစားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များကို အသိပညာပေးဆွေးနွေးခြင်း၊ မော်လမြိုင်ကျွန်းမြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က သက်ကြီးဘိုးဘွားနှင့် ဒေသခံပြည်သူ (၄၁) ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်းကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment