မိုင်းငေါ့ မြို့တွင် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို Online မှတင်ဆက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့ မြို့တွင် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို Online မှတင်ဆက်ပေး



MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့ အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုး လာစေ ရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်းခြယ်သခြင်း စသည် တို့ကိုလည်းကောင်း ၊စာဖတ် ပရိတ်သတ်များ အတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ် ဆက်ခြင်း စသည့် အသိပညာပေး အစီအစဉ် များကို ရိုက်ကူးတင်ဆက် ပေးလျက် ရှိပါသည်။

ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့မှ “ကျွန်‌တော်နဲ့ကယ်ဆယ်ရေး” ရုပ်ပြပုံပြင်စာအုပ်ဖြင့်  ပုံပြောခြင်း အစီအစဉ်ကို Online မှ တစ်ဆင့် တင်ဆက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - မြင့်သွယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)