မောင်တောမြို့၌ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်(Online)သင်တန်းဖွင့်လှစ် ပို့ချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်(Online)သင်တန်းဖွင့်လှစ် ပို့ချလျက်ရှိ




MNP ၊ ဧပြီ   ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး အရည်အသွေးမြင့်မားလာစေရန်အတွက်  လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်(Online)သင်တန်းကို မောင်တောခရိုင် ၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ယမန်နေ့ နံနက် ပိုင်းက စတင်ကာ သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးတင်ကိုဝင်းက  ဝန်ထမ်းများအနေဖြင့် ရုံး လုပ်ငန်းများ ဆောင် ရွက်ရာတွင်  လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ ၊  သတိထားရမည့်အချက်များ ၊ လုပ်ထုံး လုပ် နည်း များကိုသိရှိ နားလည်ကျွမ်းကျင်မှုရှိ စေရန် ပြောကြားပြီး ရုံးလုပ်ငန်းများ စီမံကွပ်ကဲခြင်းဘာသာရပ်အား ပို့ချပေးခဲ့ သည်။ သင်တန်းကို မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးဇော်ဇော်ဆန်း ဦးဆောင်၍  မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများ ၊ ဘူးသီး တောင် မြို့နယ် ရုံးမှ ဝန် ထမ်းများ ၊ တောင်ပြိုလက်ဝဲမြို့ရုံးရှိဝန်ထမ်းများ စုစုပေါင်း(၁၀)ဦး တက်ရောက်လျက်ရှိပြီး သင် တန်းကို ဧပြီ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ နည်းပြ ၅ ဦးမှ  ရုံးလုပ်ငန်းများ စီမံကွပ်ကဲခြင်းဘာသာရပ် ၊ ရုံးစီမံ ချက် ရေး သားနည်း နှင့် လုပ်ငန်း မှတ်တမ်းရေးသားခြင်း ၊ ရုံးစာရေးသားနည်းဘာသာရပ် ၊ ဝင်စာ/ထွက်စာများကို အရေး ယူ ဆောင်ရွက်ခြင်း စသည့်တို့ကို သတ်မှတ်နေ့ရက်များတွင်  ဘာသာရပ်များခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)