MNP - ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊မြို့နယ်ဦးစီးမှူး ဦးဇော်လွင်မှ ဦးဆောင်၍ နိုင်ငံသား ကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့ပေါ် ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။
အဆိုပါ EID စနစ်ဖြင့် နိုင်(၄) မှတ်တမ်းစာရင်းရေးသွင်းရန် မြို့နယ်အနေဖြင့် လူဦးရေ (၃၃၇၄၂၀)ဦး ရှိရာကွန်ပျူတာ (၁၉)လုံးဖြင့် ကွန်ပျုတာတစ်လုံးလျှင် တစ်နေ့လူဦးရေ (၃၀၀)နှုန်းဖြင့် ယနေ့မှ စတင်ကာ (၂)လအတွင်း လူဦးရေစာရင်းအပြီး ဆောင်ရွက်နိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment