ရေနံချောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ



MNP -  ဧပြီ  ၁၀ 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် အသိပညာပေး လုပ်ငန်းများကို ကိုဗစ်ကာလအတွင်းတွင်  Online မှတဆင့် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က ရေနံချောင်း မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ အသိပညာပေး  Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးကြည်စိုးဟန်တို့ ပါဝင်ခဲ့ကြပြီး  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်ကြီး(၄) ရပ်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးလှည့်လည် နှိုးဆော်ခြင်းများ၊ ရပ်ကွက် ကျေးရွာများအရောက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်း များနှင့် ဘေးအန္တရာယ်ပေါ်ပေါက်လာပါက ဌာနဆိုင်ရာများ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူအချိန်နှင့် တပြေးညီ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်းရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေး ပြောကြားခဲ့သည်။ 

သတင်း - ငြိမ်းငြိမ်းအိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)