သီပေါမြို့နယ်တွင် ပလတ်စတစ်များနှင့်အမှိုက်များ၏ဆိုးကျိုးများအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် ပလတ်စတစ်များနှင့်အမှိုက်များ၏ဆိုးကျိုးများအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်



MNP -  ဧပြီ ၁၉  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက  ပလတ်စတစ်များနှင့်အမှိုက်များ၏ဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိ ပညာပေးဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီး နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များရေးသားသော စာရေးဆရာ ဇာဏီဟိန်း (သီပေါ)က ကမ္ဘာပေါ်တွင်လူဦးရေး တိုးတက်များလာသည်နှင့်အမျှ ပလတ်စတစ်သုံးစွဲမှုများလည်း ပိုမို များပြားလာကြောင်း၊ ပလတ်စတစ်များနှင့် အမှိုက်များသည် သဘာဝပတ်ဝန်းကျင်အလှအပကို ဖျက်ဆီးခြင်းသာမက မြေထု၊ ရေထု၊ လေထုများကိုပါ ပျက်စီးစေတတ်ကြောင်း၊ ပလတ်စတစ်သည်  နှစ်ပေါင်းများစွာ ကြာမြင့်မှသာ ပျက်စီးတတ်သဖြင့် လယ်ယာမြေတွင်ရှိနေပါက မြေဆီ၊ မြေနှစ်များ ပျက်စီးနိုင်ကြောင်း၊ မြစ်၊ချောင်း၊အင်း၊အိုင်ထဲတွင်ရောက်ရှိပါကလည်း ရေသတ္တဝါများကို သေကြေ စေနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင်ပလတ်စတစ် ၂၇၅သန်းခန့် အသုံးပြုပြီး ပလတ်စတစ် အမှိုက်များ ၈သန်းကျော်ခန့် ပင်လယ်ထဲ မျောပါကာ ရေထုညစ်ညမ်း၍  ပင်လယ်သတ္တဝါများ ဆုံးရှုံးရကြောင်း၊ ပလတ်စတစ်ဖြင့် ပူနွေးသောအစား အသောက်များထည့်၍ စားသုံးပါက ကျန်းမာရေးထိခိုက်နိုင်ပြီး ကင်ဆာကဲ့သို့သော ရောဂါဆိုးများ ဖြစ်ပွားနိုင်ကြောင်း စသည်ဖြင့် ပလတ်စတစ်၊ အမှိုက်များနှင့်ပတ်သက်သော ဆိုးကျိုးများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)