ထန်းတပင်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ

MNP - မေ   ၂၃  


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူခြင်းကို အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခြင်းဖြစ်ပြီး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြကြောင်း လည်းသိရသည်။


ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၆) ရက်နေ့မှ စတင်ကာ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားရှိကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ကျောင်းအပ်လက်ခံနိုင်ရေးများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၉) ကျောင်းတို့တွင် ကျောင်းစာသင်ခန်းများ ပြင်ဆင်ခြင်းနှင့် စာသင်ခုံများနေရာချခြင်း၊ ကျောင်းတွင်းနှင့် ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)