ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ်ဥပဒေချုပ်များ/ဥပဒေ အရာရှိများ လုပ်ငန်းညှိနှိုင်အစည်ဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ်ဥပဒေချုပ်များ/ဥပဒေ အရာရှိများ လုပ်ငန်းညှိနှိုင်အစည်ဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ


MNP - မေ  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းဝေးခန်းမတွင် ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ် ဥပဒေချုပ်များ/ဥပဒေအရာရှိများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ဒေါ်ခင်ခင်နွယ်က ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်ကဦးစီးဌာန(၄)ခုမှ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန် ချက်များကိုလည်းကောင်း ထပ်ဆင့်ရှင်းလင်းပြောကြားသည်။


အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခုမှ ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)