မြောင်းမြမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များကို နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များကို နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း






MNP - မေ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို မြောင်းမြမြို့၊ စကြာသီဟ၊ စကြာနန္ဒဓမ္မာရုံကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်က အဆိုပါ စာဖြေဌာန ဓမ္မာရုံကြီးတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော် (၃၀)ပါး၊ ဓမ္မာစရိယ စာဖြေသံဃာ (၆၁)ပါး၊ ပါဠိပထမပြန်စာဖြေသံဃာ (၁၉၇)ပါး၊ စုစုပေါင်း (၂၈၈)ပါးတို့အား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ ဆပ်ကပ်လှူဒါန်းပွဲသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ရဲအောင်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက တက်ရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာဖြေဌာနတွင် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ စာမေးပွဲဖြေဆိုနေမှု အခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယနေ့တွင် သံဃာတော်များ စာဖြေဆိုနေစဉ်အတွင်း ရေသန့်များ၊ အချိုရည်၊ အချိုပွဲများ လာရောက်လှူဒါန်းကြကြောင်းနှင့် (၁၃-၅-၂၀၂၂)ရက်နေ့အထိ ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။


သတင်း - ခင်ရူပါအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)