လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျစီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျစီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ မေ ၁၂

လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျ စီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာ စာရင်းအချက်အလက်များနှင့် ခိုင်မာမှန်ကန်သည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း သတင်းအချက်အလက်စနစ် ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ယင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြေအနေကောင်းများ ဖန်တီးပေးရန်လိုကြောင်း။


အခြားတစ်ဘက်တွင်လည်း မြေယာများကို ထိထိရောက်ရောက် အသုံးချနိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ခေတ်မီဒီဂျစ်တယ်နည်းပညာကို စနစ်တကျ အသုံးပြုပြီး ပိုမိုတိကျမှန်ကန်သည့် မြေကြီးမြေပုံများ ဖြစ်စေရေးနှင့် သီးနှံထုတ်လုပ်မှုစာရင်းများ ဖြစ်စေရေး၊ လယ်ယာမြေတိုင်းတာရေး၊ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းစနစ်များ တိုးတက်ရေး ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် မြေကြီးမြေပုံ မှန်ကန်ရေး၊ စာရင်းဇယားများ မှန်ကန်ရေး၊ မြန်မာနိုင်ငံ လယ်ယာကဏ္ဍမှ ထုတ်လုပ်မှုများကို စနစ်တကျ မှတ်တမ်းပြုစုရေး၊ မြေများကို စီမံခန့်ခွဲများသာမကပဲ မြေအခွန်အခများရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူးများက ဒေသအလိုက် စိုက်ပျိုးမြေအသုံးချနိုင်မှု အခြေအနေများ၊ သီးနှံခန့်မှန်းခြေ (Crop Forecast)လုပ်ငန်းနှင့် သီးနှံတိုင်းတာခြင်းလုပ်ငန်း (Crop Survey) ဆောင်ရွက်နေမှုဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရေး၊ လယ်ယာမြေနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို အသုံးချသူများထံသို့ အချိန်မီရောက်ရှိစေရေး စီးပွားရေးတိုးတက်နှုန်း GDP မှန်ကန်စွာ တွက်ချက်နိုင်ရေးအတွက် အရေးပါသည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်စွာ ထုတ်ပြန်တင်ပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)