တောင်ငူတက္ကသိုလ် ၂ဝ၂၂ ပညာသင်နှစ် (အဝေးသင်) သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ အာစရိယပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူတက္ကသိုလ် ၂ဝ၂၂ ပညာသင်နှစ် (အဝေးသင်) သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ အာစရိယပူဇော်ပွဲ ကျင်းပ

 


MNP - မေ   ၂၅


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပါမောက္ခချုပ်နှင့် အင်္ဂလိပ်စာဌာန တွဲဖက်ပါမောက္ခ(ဌာနမှူး) ဒေါ်သန်းသန်းချိုတို့က ဆုံးမဩဝါဒစကားများ ပြောကြားကာ၊ အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ခဲ့ကြသည်။


တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းနောက်ဆုံးနှစ် ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာနှင့် အရှေ့တိုင်းပညာအထူးပြုများ၏ အနီးကပ်သင်တန်းများကို ၁၉-၅-၂၀၂၂ ရက်နေ့မှ ၂၈-၅-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)