MNP - မေ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အသက်၅ နှစ်မှ အသက်၁၂နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် လှုံ့ဆော်ရေးဆိုင်းဘုတ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ဒေါ်ချိုချို မြတ်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment