ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကာယ ဆရာ/မများအတွက် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကာယ ဆရာ/မများအတွက် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲသို့တက်ရောက်



MNP - မေ   ၂၆


ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ‌ကျောင်းများမှ ကာယပညာဘာသာရပ် ဆရာ/မများအတွက် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျောင်းနေကလေးများ ဘက်စုံဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော လူသားအရင်းမြစ်များ ထွက်လာစေရေး ကာယပညာဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် ကာယဆရာ/ ဆရာမများအနေဖြင့် ရှိနေပြီး အရည်အသွေးများအပြင် ယခုသင်တန်းကနေ စနစ်တကျ လေ့လာသင်ယူသွားကြကာ ထူးချွန်ထက်မြက်သော အားကစားသမား လူတော်များ ရွေးချယ်မွေးထုတ်နိုင်သည့် နည်းပြဆရာများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်ပညာရေးမှူးက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း ဖွင့်လှစ်ရသည့်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အားစားနည်းပြများ၊ သင်တန်းသားများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါ မွမ်းမံသင်တန်းကို ကာယပညာသင်ရိုးတွင် ပါဝင်သည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း (၇)မျိုးတို့ကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြ(၇)တို့က အခြေခံပညာကျောင်းများမှ သင်တန်းသား (၃၉)ဦးတို့အား ၂၆-၅-၂၀၂၂ ရက်နေ့မှ ၂၈-၅-၂၀၂၂ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့/ လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)