မြဝတီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌နေထိုင်သည့် ပြည်သူများအတွက်ဆန်၊ ဆီနှင့် ကုလားပဲခြမ်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌နေထိုင်သည့် ပြည်သူများအတွက်ဆန်၊ ဆီနှင့် ကုလားပဲခြမ်းများ ထောက်ပံ့ပေးအပ်

 


MNP - မေ   ၂၈


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲ့ထော်သလေးကျေးရွာအုပ်စု၊ ဖလူးကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာအုပ်စုနှင့်  ဖလူးကျေးရွာအုပ်စု   မင်းလက်ပံကျေးရွာတို့ရှိ   ဘုန်းကြီးကျောင်း များ၌ နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများ   နေထိုင်စားသောက်ရေး  အဆင်ပြေစေရေးအတွက် မေ၂၆ရက်က  ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့်  ဆန်၊ ဆီနှင့် ကုလားပဲခြမ်းအိတ်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်   ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်း များပေးအပ်ရာတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးစိုးတင့်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်လွင်နှင့် အဖွဲ့ဝင်တို့က စစ်ဘေးရှောင်အိမ်ထောင်စု (၃၁၂)စုရှိ လူဦးရေ  ကျား(၅၅၄)ဦး နှင့် မ(၅၃၂)ဦး စုစုပေါင်းလူဦးရေ(၁၀၈၆)ဦးတို့အတွက် ဆန်(၁၅၀)အိတ်၊ ဆီပိသာ(၁၅၀)ပိသာ  နှင့် ကုလားပဲခြမ်း(၁၅၀)အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး  အားပေးစကားများ  ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)