မိတ္ထီလာ၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာ၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ



MNP - မေ  ၂၉


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃  ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို  ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က အထက(၁) ခန်းမတွင် ကျင်းပကြောင်းသိရသည်။


အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ရှေးဦးစွာ  Grade-11 ကျောင်းသူကျောင်းသားများက  ကျောင်းသွားကြမယ် သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအပ်နှံရေးလုပ်ငန်း အစီအစဉ်များအကြောင်းကို ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးက  ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ ကျောင်းအပ်နှံရေးအခမ်းအနားသို့ တက်ရောက်လာကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များထံသို့ ကျောင်းသားကျောင်းသူများအား အခမဲ့ပေးဝေမည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများနှင့် ဘောပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်း၊ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဒေါ်စုလတ်ထွေးတို့က ပေးအပ်သည်။ ထိုနောက် Grade-11 ကျောင်းသူကျောင်းသားများက   ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြောင်းသိရသည်။


သတင်း - ချမ်းသာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)