တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၁၁၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၁၁၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရ



MNP ၊ မေ  ၂၂

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စုရှိ ဝါးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၃၆ ဦး၊ ခွဲစိတ်ရောဂါ ၁၃၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၀၃ ဦး၊ ကလေးရောဂါ ၉၈ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၁ ဦး စုစုပေါင်း ၁၁၁၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။     ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄၃ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၂၁ ဦးကို ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၈၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၉၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၆၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည့်အပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၇ ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)