နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ ဂုဏဝိသိဋ္ဌပူဇာ၊ ရှင်အပါး ၁၂၀ ဂုဏဝိသိဋ္ဌပူဇာအလှူ တော်မင်္ဂလာနှင့် ဗုဒ္ဓအဆုံးအမခံယူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ ဂုဏဝိသိဋ္ဌပူဇာ၊ ရှင်အပါး ၁၂၀ ဂုဏဝိသိဋ္ဌပူဇာအလှူ တော်မင်္ဂလာနှင့် ဗုဒ္ဓအဆုံးအမခံယူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ


MNP ၊ မေ  ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တကေသဝ၏ ဂုဏဝိသိဋ္ဌပူဇာ၊ ရှင်အပါး ၁၂၀ ဂုဏဝိသိဋ္ဌပူဇာအလှူတော်မင်္ဂလာနှင့် ဗုဒ္ဓအဆုံးအမခံယူပွဲမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်ကောင်းကျေးရွာရှိ နားပေါ်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ ရှိ သာသနာ့ဝေပုလ္လစာသင်တိုက် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဇယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ စေတနာရှင်အလှူရှင်များနှင့် ဗုဒ္ဓ၏အဆုံးအမခံယူကြမည့် ဒေသခံတိုင်း ရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်သံဃာတော်ကြီးများ နှင့် ဗုဒ္ဓ၏အဆုံးအမခံယူကာ ရှင်သာမဏေပြုကြသည့် ဒေသခံတိုင်းရင်းသားများအား သိမ်ထွက် သိမ်ဆွမ်းများ လောင်းလှူကြသည်။ ထို့နောက် သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တကေသဝ၏ ဂုဏဝိသိဋ္ဌပူဇာနှင့် ဗုဒ္ဓအဆုံးအမ ခံယူပွဲမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  သာသနာ့ဝေပုလ္လစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော်များနာယူကြည်ညိုကြ သည်။  ယင်းနောက် ဂုဏပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကာ အပူဇော်ခံ သဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြား ပူဇော်ကြပြီး နိုင်ငံကျော်တေးသံရှင် ကြည်ဖြူခင်က ရတု ပိုက်စုံ၊ ရှစ်လုံးဖွဲ့ကဗျာနှင့် ဂုဏပူဇာ(၈၀)ပေါ်တေးထပ်တို့ကို သီကျူးပူဇော်သည်။

ထို့နောက် တိုင်းမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်း သည့် သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ် ပူဇော်သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး စေတနာရှင် အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ဆရာတော် ကြီးများနှင့် တိုင်းမှူးတို့က ဗုဒ္ဓ၏အဆုံးအမခံယူကြမည့် ဒေသခံတိုင်းရင်းသား ၂၀၀ ဦး တို့အား ဗုဒ္ဓဆင်းတုတော်များပေးအပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)