MNP ၊ မေ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို သထုံ စာဖြေဌာနဖြစ်သည့် မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပလျှက်ရှိရာ ယနေ့ ပဉ္စမမြောက်နေ့အဖြစ် သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် မူလတန်းတို့၌ အဆင့်အလိုက် စာဖြေရန်စာရင်းပေးထားသွင်းထားသည့် သံဃာတော်ပေါင်း(၄၁၂)ပါး၊ သီလရှင် (၅၅)ပါး၊ စုစုပေါင်း(၄၆၇)ပါး ရှိသည့်အနက်၊ သံဃာတော် (၃၃၈)ပါးနှင့် သီလရှင်(၄၈)ပါး၊ စုစုပေါင်း(၃၈၆)ပါး တို့ လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲကို မေလ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost





No comments:
Post a Comment