သဲကုန်းမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါကင်ထုပ်ပိုးခြင်း နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါကင်ထုပ်ပိုးခြင်း နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်



MNP - မေ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဉယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း(ထုံးဘို)မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါကင်ထုပ်ပိုးခြင်း နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့ ပညာပေးသင်တန်းကို သဲကုန်းမြို့နယ်  မိုးတိမ်ပြင်အုပ်စုရုံး ပင်လမ်းခွဲကျေးရွာဓမ္မာရုံတွင် ယမန်နေ့က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တောင်သူများ၏ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အချိန်မီ ဈေးနှုန်းအမှန်အကန်နှင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြင့်အောင် ဦးစီးအရာရှိ ဦးကျော်ကျော်ဦး  ဦးဆောင်သောအဖွဲ့က သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စိုက်ပျိုးရေး သုတေသနဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်းသင်တန်းသား  ၃၆ ဦးအား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ  ပါကင် ထုပ်ပိုးခြင်း နည်းပညာဆိုင်ရာများကို မေလ(၉)ရက်မှ(၁၀)ရက်နေ့အထိ နှစ်ရက်ကြာ စာတွေ့လက်တွေ့သင်ကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)