မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ရေးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ရေးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ




MNP - မေ    ၁၁


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးနှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ 


အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်တစ်ရပ်ပဲ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအတွက် မိမိတို့မြို့နယ်အလိုက် မဲစာရင်းပြုစုရေးဆိုင်ရာ အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးစာရင်းများ၊ တိကျမှန်ကန်စွာ ကောက်ယူရန်လိုကြောင်း၊ စာရင်းဇယား အချက်အလက်များကို စနစ်တစ်ကျဖြင့် ကောက်ယူနိုင်ရေး အမြန်အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ အစရှိသည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမှုများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်ကြရန်နှင့် ယင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် လုပ်ငန်းများကို ပြန်လည်ကုစားဆောင်ရွက်ကြပြီး စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊  ပြည်သူများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထား ဆောင်ရွက်ကြရန်နှင့် ပြည်သူအခြေပြုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြရန် ပြောကြားသည်။ 


ထို့နောက်တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက်ပြောကြားပြီး ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။ အဲဒီနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းများကို  ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ် ရန်အောင်သီရိခန်းမအတွင်း၌ မဲစာရင်းပြုစုရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)