အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 



MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ခရိုင်အဆင့်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က ပေါက်တောကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)၊ ရေသိုးဆည်ဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမှတ်(၆)တပ်မတော်တန်းမြင့်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးအုတ်တွင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်၊ အမှတ်(၈၀၈)အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီးမင်းသူလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ယာယီဥက္ကဋ္ဌဗိုလ်မှူးကြီး ဉာဏ်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့မှ စိုက်ပျိုးမည့်ပျိုးပင်များအား တာဝန်ရှိသူအသီးသီးက ပေးအပ်ပြီး တက်ရောက်လာကြသူများမှ ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ မဟော်ဂနီ စုစုပေါင်းပျိုးပင်(၅၄၀)ပင်အား စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။


အဆိုပါ ၂၀၂၂ ခုနှစ်၊ ခရိုင်အဆင့်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ အုတ်တွင်းတပ်နယ်မှူးနှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူးဦးသိန်းရွှေထံမှ သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)