ရခိုင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ








MNP ၊ မေ   ၁၁

ရခိုင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရ၊ အတွင်းရေးမှူး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ 


အဆိုပါ အစည်းအဝေးတွင် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရက အမျိုးသား   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ မဟာဗျူဟာအား ၂၀၂၁ ခုနှစ်မှ ၂၀၃၀ခုနှစ် အထိ ရေတို‌ရေရှည်ခွဲခြားချမှတ်ထားကြောင်း၊ ရည်မှန်းချက်တာဝန်(၃)ရပ်ထားရှိပြီး ဆောင်ရွက်   လျက်ရှိကြောင်း ရခိုင်ပြည်နယ်အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဉ်တိုက်ခိုက်မှု(၁၈၂)မှု၊ ဒဏ်ရာရမှု(၂၈၇)မှု၊ သေဆုံးသူ(၁၂၃)ဦးရှိကြောင်း ရခိုင်ပြည်နယ်အတွင်း ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသည့် ဖြစ်စဉ်များ လျော့ပါးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးနှင့်ပတ်သက်၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်     နိုင်ရန် အစည်းအဝေးခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။  


ဆက်လက်၍ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ ရဲမှူးကြီး သက်လွင်က ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ အသိပညာပေးဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဦးကံညွှန့်နှင့် အဖွဲ့ဝင်ရဲမှူး အောင်ကြီးတို့မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။ 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်း  ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)