ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ




MNP - မေ   ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကဆုန်ညောင်ရေသွန်း ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပရာ ယနေ့ ကဆုန်လပြည့်နေ့ မေလ ၁၄ရက်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် ပရဝုဒ်အတွင်းရှိ ဗုဒ္ဓဂါယာမှ ပင့်ဆောင်ခဲ့သည့် ဗောဓိပင်အား ခရိုင်နှင့် မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့နေ ဗုဒ္ဓဘာသာဝင် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အား ကျင်းပရာတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဥပဿကာများ၊ ဂေါပကအဖွဲ့များက ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များ ခြံရံလျက် သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ကြကာ စေတီတော်ပရဝုဒ်အတွင်း စိုက်ပျိုးထားသည့် ဗောဓိပင်အား ကဆုန်လ၏ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ သွန်းလောင်းပူဇော် ခဲ့ကြခြင်းသည်။


အဆိုပါ လမြတ်ကဆုန်၏ မြန်မာရိုးရာဆယ်နှစ်လရာသီ ပွဲတော်တစ်ခုဖြစ်သည့် ကဆုန် ညောင်ရေသွန်းပွဲအား နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)