ဘုတ်ပြင်းမြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ပြုလုပ်ကျင်းပ

 




MNP - မေ   ၁၄  


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်တော်မူဘုရားကုန်း ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပေါ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အောင်တော်မူဘုရားကုန်းပေါ်ရှိ ဗောဓိညောင်ပင်တွင် ဘုရားဆင်ထုတော်များအား ရေသပ္ပယ်ပူဇော်ခြင်း၊ ဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး စေတီတော်ရင်ပြင်နှင့် ဘုရားစောင်းတန်းတို့တွင် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)