MNP - မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ် ၁၂ နာရီတွင် အခြေခံရှေးဦး သူနာပြုစုနည်းသင်တန်း ဆင်းပွဲကိုကျင်းပ ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးကျော်ရဲအောင်က ကျေးဇူးတင်စကားပြောကြားပြီး၊ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများ ထဲမှသင်တန်းသူမစုလတ်နန္ဒာကယခုသင်တန်းကို သင်ကြားပေး သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလိုဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိမိသားစုနှင့် ပတ်ဝန်းကျင်တွင် အရေး ပေါ်ဖြစ်ပေါ် သောလူနာများကို အချိန်မီရှေးဦး သူနာပြု စုနည်းဖြင့် ပြုစုနိုင်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်ပါက အရေးပေါ်နည်းဖြင့် ပြုစုနိုင်ကြောင်း အစရှိသည်တို့ကိုသင်ကြားခွင့် ရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နှင်းမှ သင်တန်းသူ/သင်တန်းသားများ အားဆေး အိတ်များပေး အပ်ခြင်းကိုပြုလုပ်၍ အခန်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ကျော်ရဲအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment