အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်



MNP - မေ   ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အခြေခံပညာကျောင်းများ လာမည့် ဇွန်လ(၂)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ထီးနှင့် ကျောင်းစရိတ် ထောက်ပံ့ပေး ရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာ ထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားခဲ့ပြီး၊ ဝန်ထမ်း သားသမီး(၄၀)ဦးအား တာဝန်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပညာသင်ထောက်ပံ့ကြေး လက်ခံရရှိသည့် မိဘများကိုယ်စား ကျောင်းသားမိဘ ဦးသန်းဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိဂုံးချုပ်အနေဖြင့် ပညာရေးကို ရည်မှန်းချက်ထားပြီး ကြိုးစားကြပါ၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့အကျိုးအတွက် သားကောင်းများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါကြောင်း ပြောကြားခဲ့သည်။


ကျောင်းကုန်းမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၃၃)ဦး၏ သားသမီးများအနက် မူလတန်းအဆင့်(၂၃)ဦးအတွက် (၂)သိန်း(၆)သောင်းကျော်၊ အလယ်တန်းအဆင့် (၁၁)ဦးအတွက် (၁)သိန်း (၅)သောင်းကျော်နှင့် အထက်တန်းအဆင့် (၆)ဦးအတွက်(၁)သိန်းကျော်၊ စုစုပေါင်း(၅)သိန်းကျော် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)