Pages

Pages

ဘူးသီးတောင်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ








MNP ၊ မေ ၅

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်( ၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးငြိမ်းချမ်းဦးမှ(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားရာတွင် ဒီနေ့ဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ လုပ်သားပြည်သူများရဲ့အသက်အိုးအိမ်၊ စည်းစိမ် ဥစ္စာပစ္စည်များကိုမီးဘေးအန္တရာယ်နဲ့အခြားသောဘေးအန္တရာယ် အမျိုးမျိုးကနေခေတ်အဆက်ဆက်ကာကွယ် စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမားစွာရပ်တည်လာခဲ့တဲ့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ (၇၆) နှစ်မြှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်ပါတယ်၊ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက်စွန့်လွှတ်မှုပေါင်းများစွာဖြင့်ဆောင်ရွက်ခဲ့ကြတဲ သန္ဓေ၊ အရန်နှင့်သီးသန့်တပ်ဖွဲ့ဝင်များကိုချီးကျူးဂုဏ်ပြုပါကြောင်း၊စည်းလုံးညီညွတ်မှုတည်တံခိုင်မြဲဖို့အတွက် ချမှတ်ထားတဲ့ မီးသတ်ကျင်းဝတ်များအတိုင်း ရဲဘော်၊ရဲဘက်စိတ်ထားပြီးညီအစ်ကိုမောင်နှမသဖွယ် အပြန်အလှန်စည်းလုံးညီညွတ်စွာနေထိုင်သွားကြရန် စသည့်တို့ကိုပြောကြားခဲ့သည်။

ထိုနောက် အရာရှိအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ(ခရိုင်အဆင့်) ပထမဆုရရှိခဲ့သည့် လက်ထောက် မီးသတ်ဦးစီးမှူးဦးကျော်ဖြိုးလင်းနှင့်အကြပ်အဆင့်မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ (မြို့နယ်အဆင့်)တွင် ပထမဆု ရရှိခဲ့သည့် မီးသတ်တပ်ကြပ်ဇော်ဇော်ဌေးတို့တာဝန်ရှိသူများမှဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍မြို့နယ်မီးသတ်စခန်းရှေ့ ကွင်း ပြင်၌မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်နည်းများသရုပ်ပြသခြင်း ၊ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြသခြင်း၊မီးငြိမ်းသတ်ယာဉ်များဖြင့် လူနေအိမ်မီးလောင်မှု မီးငြှိမ်းသတ်သရုပ်ပြသခြင်းများဆောင်ရွက်ကာမီးဘေးလုံခြုံရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့်ပြသထားသောမှတ်တမ်းဓါတ်ပုံများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာအကြီးအကဲများမှလှည့်လှည်ကြည့်ရှုခဲ့ကြကြောင်းသိရသသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment