MNP ၊ မေ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့ အခမ်းအနား အား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက ပြောကြားခဲ့သည်။ ဆက်လက်၍ မီးသတ်တပ်ကြပ်ကြီး အဆင့်မှ လက်ထောက်မီးသတ် ဦးစီးမှူး ရာထူးသို့ ရာထူးတိုးမြှင့်ခံရသည့် ကျိန္တလီနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဒုမီးသတ်ဦးစီးမှူးတို့က ရာထူးအဆင့်တံဆိပ်တပ်ဆင် ချီးမြှင့်ပေးခဲ့ကြသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်/ကျေး အရံမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment