ကျိုင်းတုံ၌(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံ၌(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း



MNP - မေ   ၂

၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ လှူဒါန်းခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ကျန်းမာရေးကို ကူညီစောင့်ရှောက်ရေး  ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်သော လူနာများအတွက် ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။     

ထို့အပြင် ကျိုင်းတုံတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်


 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)