MNP - မေ ၂
၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ လှူဒါန်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ကျန်းမာရေးကို ကူညီစောင့်ရှောက်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်သော လူနာများအတွက် ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကျိုင်းတုံတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment