ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးသောင်းခန့် ထုတ်ချေး ပေးသွားရန်လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးသောင်းခန့် ထုတ်ချေး ပေးသွားရန်လျာထား




MNP ၊ မေ ၁၇

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကရင်ပြည်နယ်ဘဏ်ခွဲ၏ ဘဏ်ခွဲများဖြစ်သော ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ်ခရိုင်ဘဏ်ခွဲများမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခုမေလမှစ၍ စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးသောင်းခန့် ထုတ်ချေးပေးသွားရန် လျာထားကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲမှ သိရသည်။


မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ အခမ်းအနားတွင် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) အုပ်စုအတွက် ငွေပမာဏ စုစုပေါင်း (၁၁၉၇) သိန်းကျပ်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အချေးမှန်မှ အဆပ်မှန်မည်ဖြစ်သဖြင့် ထုတ်ချေးမှုမှန်ကန်ရေးသည် အဓိကအရေးကြီးပြီး တောင်သူ လယ်သမား တစ်ဦးချင်းလက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိအောင် ထုတ်ပေးစေလိုကြောင်း၊ တောင်သူများမှလည်း သီးနှံပေါ်ချိန် ငွေပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည် ပေးသွင်းကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကရင်ပြည်နယ်ဘဏ်ခွဲ၊ မန်နေဂျာက ရှင်းလင်း တင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် နှင့် ကရင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာတို့က တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများပေးအပ်ကာ တောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးဘဏ်၊ ကရင်ပြည်နယ်ဘဏ်ခွဲမှ ဝန်ထမ်းများက ကျေးရွာအုပ်စု (၅) အုပ်စု၊ တောင်သူ ၁၂၇ ဦး၏ စိုက်ဧက ၇၉၈ ဧကအတွက် ချေးငွေထုတ်ချေးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ ကြောင်း သတင်း ရရှိသည်။


သတင်း - စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)