Pages

Pages

ဟိုပန်၌ နွေရာသီ ယဉကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်




MNP - မေ   ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန်တို့ကို ရည်ရွယ်၍  နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဟိုပန်မြို့ရှိ (၃၁) ဘုံစေတီကုန်း သာသနာပြုကျောင်းတိုက်၌ စတင်ဖွင့်လှစ်ခဲ့သည်။

 သင်တန်းကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အမှာစကားပြောကြားကာ သင်တန်းနည်းပြဆရာတစ်ဦးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက နွေရာသီယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်မည့် ကျောင်းသား/သူ သင်တန်းသား(၅၀)ဦးအား စာရေးကိရိယာပစ္စည်းများနှင့် နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးအပ်ခဲ့သည်။

နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို မေလ (၁၀)ရက်နေ့မှ (၂၀)ရက်နေ့ နေ့စဉ် မွန်းလွဲ (၁)နာရီမှ ညနေ (၃)နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment