Pages

Pages

ဖြူးမြို့နယ်၌ မူလတန်းအဆင့် ( Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - မေ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်(Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းစံပါယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က သင်တန်းပို့ချပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အခြေခံပညာမူလတန်းအဆင့်(Grade-5) သင်ရိုးသစ်နည်းပြသင်တန်းကို ဧပြီလ တတိယအပတ်က Online ဖြင့် သင်ကြားခဲ့ပြီး အဆိုပါနည်းပြသင်တန်းကို တက်ရောက်ခဲ့သည့် သင်တန်း(နည်းပြ)ဆရာ၊ ဆရာမများက မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား ပြန်လည်ဆင့်ပွားပို့ချပေးမှာဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မေလ(၁၀)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment