ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ရေမြောင်းများတွင်သဲနုန်းတူးဖော်ခြင်း၊ မြောင်းနုတ်ခမ်းများကျောက်ဆလံချောခြင်းနှင့်ရေပြွန်များ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ရေမြောင်းများတွင်သဲနုန်းတူးဖော်ခြင်း၊ မြောင်းနုတ်ခမ်းများကျောက်ဆလံချောခြင်းနှင့်ရေပြွန်များ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

MNP - မေ    ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ မြို့နယ်ဆည်မြောင်းနှင့်အသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ရေမြောင်းများတွင် သဲနုန်းများ တူးဖော်ခြင်း၊ မြောင်းနုတ်ခမ်းများတွင် ကျေက်ဆလံများအချောသတ်ခြင်းနှင့် ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့်  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများမှာ  မင်းရဲဆည်ရေသောက်စနစ်မှ စိုက်ပျိုးရေပေးဝေနေသည့် တမုတ်မြောင်း ပေတိုင် အာဒီ ၈+၂၀၀ မှ အာဒီ ၃၃+၀၀၀ အတွင်း သဲနုန်းတူးဖော်ခြင်း၊ မြောင်းနုတ်ခမ်းများ ကျောက်ဆလံ အချောသတ်ခြင်း၊ ပေတိုင် အာဒီ ၂၀+၅၈၅ မှအာဒီ ၂၇+၇၇၅ အတွင်းရှိ တိုက်ရိုက်ရေပေးပြွန်(၅)လုံးပြုပြင်ခြင်း၊ တောင်တမုတ်လက်တံမြောင်း ပေတိုင် အာဒီ ဝ+၀၀၀ မှ အာဒီ ၁၀+၀၀၀ အတွင်း သဲနုန်းတူးဖော်ခြင်း၊ မြောင်းနုတ်ခမ်းများကျောက်သားစီခြင်း၊ မြောင်းနုတ်ခမ်းများ ကျောက်သားစီခြင်း၊ ရေမြှင့်အဆောက်အအုံ(၂)ခု တည်ဆောက်ခြင်း၊ သင်တောင်းလက်တံမြောင်းတွင် ပေတိုင် အာဒီ ဝ+၀၀၀ မှ အာဒီ ၂၂+၀၀၀ အတွင်း သဲနုန်း တူးဖော်ခြင်း၊ စော်ဘွားလက်တံမြောင်း ပေတိုင် အာဒီ ၃+၀၀၀ မှ ၁၅+၀၀၀  အတွင်းရှိ တိုက်ရိုက်ရေပေးပြွန် (၃)လုံးပြုပြင်ခြင်း၊ မနောရာဇာလက်တံမြောင်း ပေတိုင် အာဒီ ၁+၀၀၀ မှ ၁၅+၀၀၀ အတွင်း တိုက်ရိုက်ရေပေးပြွန် (၃)လုံး ပြုပြင်ခြင်း၊ မင်းရဲမြောင်း ပေတိုင် အာဒီ ၇+၉၃၀ မှ အာဒီ ၁၅+၈၉၀ အတွင်းရှိ တိုက်ရိုက်ရေပေးပြွန်(၁၅)လုံး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။

အဆိုပါလုပ်ငန်းများကို သတ်မှတ်လာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားမည်ဖြစ်ပြီးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက သီးနှံများစိုက်ပျိုးရာ၌ ရေများပေးဝေရာတွင် အလေအလွင့်လျော့နည်းပြီး လိုအပ်သည့် ရေပမာဏပြည့်မီစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)