MNP ၊ မေ ၁၆
မဲသူခိုး NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံ သည် ငွေကျပ်သိန်းပေါင်း ၆၅၄၀ အဂတိလိုက်စားမှု စစ်ဆေးတွေ့ရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုနှင့် လူမှုရေးဖောက်ပြန်မှုများကို သူမအနေဖြင့် သည်းခံနိုင်မည်မဟုတ်ကြောင်း အာဏာမရခင်က ပြောဆိုခဲ့ဖူးပြီး အာဏာရပြီးနောက် သူမကိုယ်တိုင် အဂတိလိုက်စားသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ၎င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ငွေကျပ်သိန်းပေါင်းများစွာ အဂတိလိုက်စားမှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံနေရခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment