MNP ၊ မေ ၃၀
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ယနေ့နံနက် ၈နာရီ အချိန်က မြို့မရပ်ကွက်သို့ သွားရောက်ပြီးအဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့မရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်ဘထားရှိသည့် ရေစည်ပိုင်း၊ရေတိုင်ကီ၊စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိဘုရားပန်းအိုးများကို ဖုံး၊သွန်၊လဲ၊စစ်များ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment