MNP ၊ မေ ၁၄
၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက သိမ်ကုန်းစေတီတောိဝန်းအတွင်းရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းပွဲတော်ကို ညနေ၅ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ညောင်ရေသွန်းလောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့မရပ်ကွက်၊ သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ဗောဓိရွှေညောင်ပင်အား ပန်း၊ ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်းနှင့် သိမ်ကုန်းစေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီးကပ်လှူခြင်း စသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost










No comments:
Post a Comment