MNP ၊ မေ ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သံဃာအရှင်သူမြတ်များထံမှ ပရိတ်တရားတော်ယူခြင်း နှင့် ဆွမ်းဆက် ကပ် လှူဒါန်း ခြင်း ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွက်ဆို၍ ဘုရားကန်တော့ကာ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံ ယူဆောက် တည် ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြ သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် မိသားစုဝင်များက လှူဖွယ်ဝတ္တူ ငွေများ အား ဆက်ကပ် လှူဒါန်းခြင်း ၊ ဆရာတော်အရှင်သူမြတ် ထံမှ အနုမောဒနာ တရား နာ ကြား၍ ရေစက် သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်းသိရသည်။
သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost





No comments:
Post a Comment