MNP ၊ မေ ၅
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အဖြစ် မေ(၅)ရက် နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်ရှိ ပြည်သူများအား သောက်သုံးရေ လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သောက်သုံးရေ လှူဒါန်းရာ တွင် မြိုနယ်မီးသတ် ဦးစီးမှူး ဦးရဲညွန့်ထွေး နှင့်တပ်ဖွဲ့ဝင်များက (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အဖြစ် ရေရှားပါးသောရပ်ကွက်များသို့ သန့်ရှင်းသောသောက်သုံးရေ များကို လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် အတွင်း တောင်ပိုင်းရပ်ကွက် ရှိ အချို့သော သောက်သုံး ရေတွင်းများ၊ရေကန်များ တွင် နွေရာသီ ပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက်ရေ အခက်အခဲ မဖြစ်စေရန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့် ထွေး နှင့်တပ်ဖွဲ့ဝင်များကမီးသတ်ရေသည်ယာဉ်ဖြင့်ရေဂါလံ(၂၈၀၀)ကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
သတင်း - သန်းသန်းမော်(ကျိုက်ထို)
https://t.me/MyanmarNationalPost





No comments:
Post a Comment