MNP ၊ မေ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်၊ တပ်တောင်မြို့၊အမှတ်(၁) ရပ်ကွက်၊ငရုတ်တောင်လမ်းဆုံနှင့် အမှတ်( ၃)ရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီး၌Mobile Team အဖွဲ့ဖြင့်အသက်(၁၅) နှစ်နှင့်(၁၈)နှစ်ကြားလူငယ်များအား ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ phase 7၊ phase 8တို့အတွက်ဒုတိယအကြိမ်အားမေလ(၅)ရက် နံနက် (၆)နာ ရီအချိန်က ကျန်းမာ ရေးဝန်ထမ်းများက ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ထိုသို့ ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ တပ်တောင်မြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင်စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်း ကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းမှတ်ယူခြင်း၊ကိုယ်အပူချိန်တိုင်း တာခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း အစရှိသည့် ကျန်းမာ ရေးစစ်ဆေးခြင်းများကို စနစ်တကျဆောင် ရွက်၍ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးမိနစ်(၃၀) ခန့်စောင့်ကြည့်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment