စစ်တွေမြို့တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ










MNP ၊ မေ ၅

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့နံနက်(၇)နာရီအချိန်က (၇၆)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးကအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအားပြောကြားပြီး စစ်တွေမြို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းအစီအစဉ်တွင် Leader mix(ခေါ်) အမြှုပ်လုပ်ပိုက်ခေါင်းကိရိယာအားသရုပ်ပြခြင်း၊ Tripot(ခေါ်)သုံးချောင်းထောက် ကယ်ဆယ်ရေးကိရိယာအား သရုပ်ပြသခြင်း၊ Jumping Sheet(ခေါ်)လေအိတ်မွေ့ရာကယ်ဆယ်ရေးပစ္စည်းအား သရုပ်ပြသခြင်းတို့အားပြသခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မီးငြိမ်းသတ်ရေးပစ္စည်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

            

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)