ဆင်ပေါင်ဝဲမြို့နယ်၌ ရှေးဦးပြုစုနည်းသင်တန်း ဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ ရှေးဦးပြုစုနည်းသင်တန်း ဆင်းပွဲကျင်းပ





MNP - မေ   ၂


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန် ကျောင်း၌ လူသားချင်းစာနာ ထောက်ထား တတ်စေရန်နှင့် စေတနာ့ဝန်ထမ်းအကျိုးဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  အခြေခံရှေးဦးပြုစုနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် ဆင်‌ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန် ယခုလို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှာသင်ကြားတဲ့ စာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို နောင်ကိုယ့်ပတ်ဝန်းကျင်မှာ အရေးကြုံလာရင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ကိုယ်တတ်ထားတဲ့ပညာကို တခြားသူတွေကို ပြန်လည်မျှဝေပေးပြီး ကိုယ်ကိုယ်တိုင်လည်း လက်တွေ့အကျိုးရှိရှိ အသုံးချရမယ့်နေရာတွေမှာ ပြန်လည် အသုံးချကြရန် လိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူ သင်တန်းသူ(၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လှတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီးနောက် သင်တန်း သား၊ သင်တန်းသူများ၏ သင်တန်း ဆင်းလက်မှတ်များအား ဌာနဆိုင်ရာ တာဝန်ရှိ သူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


အဆိုပါသင်တန်းအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြေားသိရှိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)