MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပထမ သုံးလပတ် အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွား များ အား ထောက်ပံ့ခြင်း ကို ယနေ့ နံနက်ပိုင်းက မြို့ ပေါ် ရပ်ကွက် များတွင် မြေပြင်ကွင်းဆင်း၍ အိမ်တိုင်လာရောက် ထောက်ပံ့ ပေးအပ်လျှက်ရှိကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် ၊ ပထမ သုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန် )လများ အတွက်၏ မောင်တောမြို့နယ်ရှိ အသက် ၈၅ နှစ်အထက် အဘိုး (၅၅) ဦး ၊ အဘွား (၉၇)ဦး စုစုပေါင်း (၁၅၂) ဦး နှင့် ဘူးသီးတောင်မြို့နယ်ရှိ အသက် ၈၅ နှစ်အထက် အဘိုး(၆၆)ဦး ၊ အဘွား (၉၄)ဦး စုစုပေါင်း (၁၆၀) ဦး ၊ မောင် တောခရိုင် အတွင်း ဘိုးဘွားဦးရေ (၃၁၂)ဦးရှိရာ ဘိုးဘွားတစ်ဦး တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလအတွက် ငွေကျပ် သုံး သောင်း ကို အိမ်တိုင်လာရောက် လူမှုရေးပင်စင် ထောက်ပံ့ ငွေပေး အပ် ခဲ့ကြပြီး ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွား ရောက်ပေး အပ် သွားမည် ဖြစ်သည်။ ယခု ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပထမ သုံးလပတ် (ဧပြီ၊မေ ၊ဇွန်) လများ အတွက် ဘိုးဘွား(၃၁၂)ဦး ဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၉၃၆၀၀၀၀) ကျပ် အား အိမ်တိုင်လာရောက် ထောက်ပံ့ ပေး အပ်လျှက်ရှိကြောင်း ခရိုင်လူမှု ဝန်ထမ်းရုံးမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment