MNP - မေ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ (၁၆၃၀) အချိန်လေပြင်း တိုက်ခတ်၍ ရွှေပန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာတွင် ထိခိုက်ခံရသူများအား၂၀၂၂ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရွှေပန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင် ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် အိမ်ခြေ(၂၀) အမိုးလန်ထိခိုက်ဆုံးရှုံးမှုအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၃၆၀၀၀ဝိ/)ထောက်ပံ့ခြင်း၊ ဘုန်းတော် ကြီးကျောင်း(၁)ကျောင်း အမိုးလန်ထိခိုက်ခြင်း အတွက် (၉၀၀၀ဝိ/)ထောက်ပံ့ခြင်း၊ ထိခိုက်ခဲ့သည့် အိမ်ခြေ(၂၀)မှ လူဦးရေ(၉၆)ဦး၏ ဆန်ရိက္ခာ အတွက်(၂၀၁၆၀ဝိ/) ထောက်ပံ့ပေးခြင်း အပါအဝင် စုစုပေါင်းငွေကျပ် (၁၆၅၁၆၀ဝိ/)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့နှင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စုဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - သန်းဝင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment