MNP ၊ မေလ ၃၁
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်အတွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသောလေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်ကမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြု လုပ်သည်။
၂၁-၅-၂၀၂၂ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၁၆) အုပ်စုမှ ကျေးရွာ(၂၀)ရွာတွင်ဓနိမိုး ၊ ဓနိကာ ဝါးခင်း (လုံးဝပျက်စီး)လူနေအိမ်(၄၀)အိမ် အတွက် (၁)အိမ်လျှင် ငွေကျပ် (၁)သိန်းနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအားလည်းကောင်း၊ လုံးဝပျက်စီးလူ နေအိမ်(၄၀)အိမ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၃၄၉)ရှိလူဦးရေ(၁၁၉၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၂၅၁၅၈၀၀)သိန်းစုစုပေါင်း(၆၅၁၅၈၀၀) သိန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခိုင်လင်းနိုင် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းတို့က လေဘေးသင့် အိမ်ထောင်စုများအတွက် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
သတင်း - တင်ဝင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment