မုံရွာမြို့၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပ

 



MNP - မေ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တို့ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမြင့်၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်နှင့် ခရိုင်အဆင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူများ၏ စားဝတ်နေရေးကိစ္စများအား ဖြေရှင်းရာတွင် စားသုံးသူများ အခွင့်အရေး မဆုံးရှုံးရအောင် ယခု အသိပညာပေးဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာဗဟုသုတများကို အားလုံးသိရှိအောင် ပြန်လည်မျှဝေးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက်  စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းနှင့် ဒေါ်ခိုင်မို့မို့တို့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနအကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများအကြောင်းတို့အား အသီးသီးရှင်လင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ပြောကြားပြီး  တက်ရောက်လာကြသူများအား စားသုံးသူ‌ရေးရာနှင့် စပ်လျဉ်း၍ ‌ ဆောင်ရန်၊ ရှောင်ရန်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည့် မေးမြန်းခြင်းနှင့် ဖြည့်ဆွတ်အကြံပြုဆွေးနွေးချက်များအပေါ်  လိုအပ်ချက်များအား အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေမှ စားသုံးသူများ၏ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေစိတ်ပိုင်းဆိုင်ရာကိုဖြစ်စေဂုဏ်သိက္ခာကိုဖြစ်စေပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ကြုံလာရပါက  တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၇၁-၂၁၀၂၀၊ ၀၇၁-၂၁၁၅၉သို့ ဖြစ်စေ၊ Online မှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center 1535(MPT-09-765481535သို့ မေးမြန်းတိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)