ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စိန်တစ်လုံးသရက်သီးဈေးနှုန်း ဆယ်လုံးဈေးတစ်ထောင်ကျပ်သာရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စိန်တစ်လုံးသရက်သီးဈေးနှုန်း ဆယ်လုံးဈေးတစ်ထောင်ကျပ်သာရောင်းချနေရ

 





MNP - မေ  ၁၇


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် စိန်တစ်လုံးသရက်သီးဈေးကွက်တွင် ဆယ်လုံးဈေးတစ်ထောင်ကျပ်သာ ရောင်းချနေရကြောင်း စိန်တစ်လုံးသရက် ရောင်း/ဝယ်ရေးလုပ်ကိုင်နေသည့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးမှ စိန်တစ်လုံးသရက်သီးပွဲစား ဒေါ်ပူစူးထံကသိရသည်။


ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်တောင်မကြီး ပတ်ဝန်းကျေးရွာများဖြစ်သည့် နဂါးလည်၊ဆည်၊ ဆင်ဆင်း၊ ဆုံကုန်း၊ပုပ္ပားလွင်၊ ပုပ္ပားရွာ၊ ဆည်းမ၊ ဘိုတဲ၊လွန်အိုင်၊  သင်ပေါင်း၊ ကျောက်ခွက်၊ လျှော်တော၊ လဲဂွ၊ဂွေးကုန်းကျေးရွာများသည်စိန်တစ်လုံးသ ရက်အမြောက်အများစိုက်ပျိုးခြင်း၊ ညောင်ဦးမြို့နယ်အထက်ညဉ့်ကျေးရွာ၊သူကောင်း တည်ကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာနှင့်သစ်ထောင့်ကျွန်းကျေးရွာတို့တွင် စိန်တစ်လုံး သရက်စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ စိန်တစ်လုံးသရက်သီးဆွတ်ခူးရောင်းချချိန် ဆယ်လုံးဈေး ရှစ်ရာကျပ်သာရောင်းချ နေရပြီး၊ စိန်တစ်လုံးသရက်ပွဲစားများနယ်ဝေတင် ပို့ရောင်းချချိန် ဆယ်လုံးဈေး တစ်ထောင်ကျပ်မှ တစ်ထောင်ငါးရာကျပ်ထိတင်ပို့ရောင်းချကြကြောင်း ဒေါ်ပူစူးကရှင်းပြသည်။


ပုပ္ပားတောင်ပတ်ဝန်ကျင် စိန်တစ်လုံးစိုက်သရက်ခြံများ ယခုနှစ်တွင် အသီးသီးနှုန်းကောင်းမွန်ပြီး စိန်တစ်လုံးသရက်ပွဲစားများ လာရောက်ဝယ်ယူမှုရှိသော်လည်း ယခင်နှစ် လောက်ဈေးနှုန်းမရရှိပဲ အများဈေး ဆယ်လုံးရှစ်ရာကျပ်သာ ရောင်းချနေရကြောင်း စိန်တစ်လုံးသရက်စိုက် တောင်သူ ဦးအောင်ဝင်ထံမှ သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)