လားရှိုးမြို့တွင် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ်



MNP - မေ   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဗိမာန်တော်နှင့် မြို့တော်ခန်းမတို့တွင်  ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂမဟာပဏ္ဍိတ ဇဗ္ဗူအေးစေတီတပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒနှင့် ပန်အုပ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဇိနောရသ လင်္ကာရတို့အမှူးပြုသော ဆရာတော်၊ သံဃာတော် (၂၅)ပါး တို့မှ စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး နဝကမ္မ အလှူငွေများ၊ အချိုရည်နှင့်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အစိုးရ ဓမ္မာစရိယ စာမေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်အသီးသီးမှ ဆရာတော် သံဃာတော် (၃၉၆)ပါးနှင့် သီလရှင်(၇၂)ပါး၊ စုစုပေါင်း(၄၈၆)ပါး စာရင်းသွင်းဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဧပြီလ(၃၀)ရက်နေ့မှ မေလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ(ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း) များကို လားရှိုးမြို့၊ တန့်ယန်းမြို့၊ နမ့်ခမ်းမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့၊ နောင်ချိုမြို့၊ မိုးမိတ်မြို့နှင့် ဟိုပန်မြို့တို့တွင် မေလ(၇)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းအောင်ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)